နာမည်ကြီး ကိုရီးယား သရုပ်ဆောင်၂ ဦး ရန်ကုန်ရောက်

မြန်မာပရိသတ်က နှစ်ခြိုက်အားပေးသော နာမည်ကြီး ကိုးရီးယား မင်းသားဂျူမုံ( ဆောင်အီလ်ဂွတ်)သည် ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော် တက်ရောက်ရန် ယမန်နေ့က ရန်ကုန်မြို့ သို့ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သံရုံး ပြောပြချက်အရ သိရှိရသည်။ ဂျူမုံဧ။် “ရာဇ၀င်တွင်မည့် သူရဲကောင်း” ဇာတ်လမ်းတွဲသည် မြန်မာပရိသတ်များ အကြား အောင်မြင်ခဲ့သော ဇာတ်လမ်းတွဲတခု ဖြစ်သည်။ ဂျူမုံနှင့်အတူ ကိုးရီးယားမင်းသမီး လီဟားနားလည်း အတူပါဝင်ပြီး သရုပ် ဆောင် နှစ်ဦးသည် ယနေ့ တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်