CB ဘဏ် ပြိုတော့မလား

ပုဂ္ဂလိက ဘဏ် တခုဖြစ်သည့် CB ဘဏ် (သမ၀ါယမဘဏ်) မှ အပ်နှံငွေ ပြန်လည် ထုတ်ယူမှု များပြားလာသည့် အတွက် တခြားသော ဘဏ်များမှ ငွေပြန်လည် ချေးယူရသောကြောင့် CB ဘဏ် ပြိုလဲနိုင်သည် ဟူသော သတင်းများ ထွက်ပေါ်နေ သည်။ ဇန်န၀ါရီ လဆန်း ပိုင်းမှစပြီး CB ဘဏ်တွင် ငွေအပ် နှံသူများက အလုံးအရင်းဖြင့် ပြန်လည်ထုတ်ယူ ကြ ကြောင်း၊ ထို့ကြောင့် CB ဘဏ်တွင် ငွေသားလက် ကျန် မရှိတော့ဘဲ ကမ္ဘောဇဘဏ်၊ မြ၀တီဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ် စသည့် ဘဏ်များမှ အရေးပေါ် ငွေချေးယူ လိုက်ရ ခြင်းများကြောင့် ယင်းသတင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့စီးပွားရေး အသိုင်း အ၀ိုင်းမှ သိရှိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်