ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရန် အမေရိကန် အစီအစဉ်မရှိသေး

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများအား လတ်တလောတွင် ရုပ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့က ပြောဆိုလိုက်သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ မစ္စတာ ပီဂျေ ခရော်လီ က ယင်းသို့ ပြောခြင်းဖြစ်သည်။ ဒီမိုကရေစီရေးကို ပစ်ပယ်ပြီး လူ့အခွင့်အရေး လေးစား လိုက်နာ မှု မရှိသော တာဝန်ရှိသူများကို ပစ်မှတ်ထားပြီး ပိတ်ဆို့ ဒစ်ခတ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး မျက်ခြည်မပြတ် ပုံမှန်သုံးသပ်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း မစ္စတာ ခရော်လီ က ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်