တရုတ်သို့ မြွေ တင်ပို့သူ ၂ ဦး အဖမ်းခံရ

Monday, 24 January 2011 16:22 သတင်းတိုများ
Print
မြွေအကောင်ရေ ၅၀၀၀ နီးပါးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားမ၀င် တင်ပို့ ရောင်းချမှုနှင့် လူ ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ၎င်းတို့ ၂ ဦးသည် သဘာဝ သားရိုင်း တိရစ္ဆာန် ဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရနိုင်ဖွယ် ရှိသည်ဟု ယနေ့တွင် AP သတင်း တရပ်က ရေးသားသည်။ တရုတ်လူမျိုးများက ယင်းမြွေများကို စားသောက်ရန်အတွက် လည်းကောင်း၊ ကာမ အားတိုးရန် နှင့် ဆေးဝါးများ ဖော်စပ်ရန် အတွက်လည်းကောင်း အသုံးပြုကြောင်းလည်း သတင်းက ဆိုသည်။