မြန်မာအလုပ်သမားများ တောင်းဆိုမှု ထိုင်းအလုပ်ရှင် လိုက်လျော

ထိုင်းနိုင်ငံတောင်ပိုင်း လပ်ဘူရီမြို့ရှိ VAK နာနတ်သီး စည်သွတ်ဘူး စက်ရုံမှ မြန်မာ အလုပ်သမားများ အလုပ်သမား ရပိုင်ခွင့်များ အတွက် ယမန်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ရာ လုပ်ငန်းရှင်က လိုက်လျော ခဲ့သဖြင့် ယနေ့ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ အလုပ်သမားအားလုံး စည်းလုံးမှုဖြင့် အကြမ်းမဖက် တောင်းဆိုခဲ့ခြင်း၊ သတင်း မီဒီယာများက ၀ိုင်းဝန်းပေးခြင်း တို့ကြောင့် ထိုင်းလုပ်ငန်းရှင်က တောင်းဆိုချက်များကို လိုက်လျောပေးခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမား ခေါင်းဆောင် တဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်