စစ်အစိုးရ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ဟု HRW ထုတ်ပြန်

စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့် လေ့ လာရေး အဖွဲ့(HRW)က ပြောဆိုလိုက်သည်။ အဓမ္မ လုပ်ပေးခိုင်းစေခြင်း၊ ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း၊ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်ခြင်းများကို ကျူးလွန်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ဒေသခံ ၅၀၀၀၀၀ ခန့်သည် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေရကြောင်း၊ ထိုင်းနိုင် ငံ ဒုက္ခသည် စခန်းများတွင် မြန်မာ ဒုက္ခသည် ၁၄၀၀၀၀ ခန့် ရောက်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန် သည့် HRW ၏ အစီရင် ခံစာ ၌ ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်