မြန်မာနှင့် အင်ဒိုနီးရှားကို အိန္ဒိယ ဆိုက်ရောက်ဗီဇာ ပေးမည်

Tuesday, 25 January 2011 18:38 သတင်းတိုများ
Print
မြန်မာနှင့်အင်ဒိုနီးရှား နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးရန် အိန္ဒိယအစိုးရက ယနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Newkerala သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်နေ့က အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာပေးခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနှင့် အင်ဒိုနီးရှားကို ပေးရန် အိန္ဒိယ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ယမန်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ကလည်း ဂျပန် ၊ စင်ကာပူ ၊ ဖင်လန် ၊ လူဇင်ဘတ်နှင့် နယူးဇီလန် နိုင်ငံ သားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။