သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူကို ထောင် ၁၃ နှစ်ချ

Monday, 07 February 2011 11:16 သတင်းတိုများ
Print
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံရိုက်ကူးရာမှ အဖမ်း ခံခဲ့ရသည့် ဓာတ်ပုံဆရာ ဦးမောင်မောင်ဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) အား အင်းစိန် အထူးတရားရုံးမှ ထောင်ဒဏ် ၁၃ နှစ် ချမှတ် လိုက်သည်။ ၎င်းကို အီလက်ထရွန်နစ် ဥပဒေ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းတို့နှင့် ဆက်သွယ်မှု စသည့် ပုဒ်မ များဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။