ဆန္ဒပြ စက်ရုံအလုပ်သမားများ၏ တောင်းဆိုချက် ယနေ့ ဖြည့်ဆည်းပေးမည်ဟု ကတိပေး

ရန်ကုန် ရွှေပြည်သာစက်မှုဇုန် ၁ ရှိ အော်စကာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားနေရာ တောင်းဆိုချက်များကို ယနေ့ ၁၂ နာရီတွင် ဖြည့်ဆည်းပေးမည်ဟု စက်ရုံပိုင်ရှင်နှင့် အာဏာပိုင်တို့က ကတိပြုထားကြောင်း သိရသည်။ ပြီးခဲ့သည့် စနေနေ့ ည အလုပ်သိမ်းချိန်တွင် စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ၌ အလုပ်သမား ၅၀၀ ခန့် ပါဝင်ကြောင်း၊ လုပ်အားခများ ဖြတ်တောက် ခံရခြင်းကြောင့် ဆန္ဒပြကြရခြင်းဖြစ်ကြောင်း အလုပ်သမားရေး စောင့်ကြည့်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်