နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦး ဆီးကျိတ်ဝေဒနာ ခံစားနေရ

ကချင်ပြည်နယ် ပူတာအိုထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ဝေဒနာ ခံစားနေရကြောင်း သတင်းရရှိသည်။ ဝေဒနာ ဆိုးရွားနေပြီး ဆေးကုသမှုလည်း မထိရောက်ကြောင်း သိရသည်။ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးကို နိုင်ငံတော်ပုန်ကန်မှု၊ အမျိုးသား ညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုတို့ဖြင့် စွပ်စွဲပြီး ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်