မြန်မာတိုင်းမ် တည်ထောင်သူ မစ္စတာ ဒန်ကလေ အဖမ်းခံရ

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေနေသော မြန်မာတိုင်းမ် ဂျာနယ် တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဗီဇာရက်လွန် နေထိုင်မှု၊ ဆေးခြောက် လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ဘန်ကောက်မှ ရန်ကုန်နေအိမ်သို့ ပြန်အရောက်တွင် ဖမ်းဆီးခြင်း ဖြစ်သည်။ ပြည်တွင်း မီဒီယာများကမူ မြန်မာတိုင်းမ်ဂျာနယ်ကို ထိမ်းချုပ်ရေး ရုံးတွင်း အားပြိုင်မှုများကြောင့် ဖြစ်နိုင်ကြောင်း ပြောကြသည်။ (ဧရာဝတီ ဘလော့ဂ်တွင်လည်း ဖတ်ရှုနိုင်ပါသည်)
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်