ထားဝယ် ရေနက်ဆိပ်ကမ်း အလုပ်သမားများ ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၇၀ ခန့်က လုပ်ခနည်းပါးမှု၊ အလုပ်ချိန်များပြားမှုတို့ကြောင့် ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းကတည်းက အလုပ်မဆင်းဘဲဆန္ဒပြလျက်ရှိကြောင်း သိရသည်။  ယင်း အလုပ်သမားများမှာ နဘုလယ်ကျေးရွာအုပ်စုမှဖြစ်ပြီး အီတလျံ-ထိုင်း ကုမ္ပဏီက တည်ဆောက်နေသော ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ထိုစီမံကိန်းရှိ ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးမရ ခြင်းတို့ကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သော အလုပ်သမား တဦးကပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်