ရွှေနှင့် ဒေါ်လာဈေး အတက်ကြမ်း

Wednesday, 16 February 2011 15:52 သတင်းတိုများ
Print
မနေ့က ကျပ် ၆၆၀၀၀၀ နှင့်ပိတ်ခဲ့သည့် ရွှေဈေးသည် ယနေ့မနက်တွင် ကျပ် ၆၇၅၀၀၀ နှင့် စတင်ဖွင့်ခဲ့ပြီး ယခု နေ့လယ်တွင် ကျပ် ၆၈၂၀၀၀ အထိ တက်သွားသည်ဟု သိရသည်။ သို့သော် ရွှေဈေးကို မနက်က စဖွင့်သည့်ဈေး ကျပ် ၆၇၅၀၀၀ တွင် ရပ်ထားပြီး အရောင်းခေတ္တ ရပ်ထားသည်။ ဒေါ်လာဈေးမှာ မနေ့က ၉၁၀ ကျပ် သာရှိခဲ့သော်လည်း ယနေ့နေ့လယ်တွင် ၉၅၅ ကျပ် အထိ ထိုးတက်သွားသည်။ သို့သော် ၉၃၀ ကျပ်သို့ ပြန်ကျသွားပြီး ဈေးကွက်တွင် အရောင်းရပ်ထားသည်။ စက်သုံးဆီ ဈေးနှင့် တခြားသော ကုန်စည်ဈေးနှုန်းများလည်း တက်နေသည်ဟု သိရသည်။