နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ် အကြီးဆုံးဖြစ်လာမည်

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်နိုင်ငံသည် အကြီးမားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ ပြီး ခဲ့သည့်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ ယခုနှစ် ဇန်န၀ါရီလအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ကျော် ရှိကြောင်း၊ ၁၉၈၈ ခုနှစ်မှ စတင်သည့် မြန်မာပြည်တွင်း တိုးပွားလာသော ရင်းနှီးမြှုပ်နှံမှုမှာ ထိုင်းနိုင်ငံက ဒေါ်လာ ၉.၅၆ ဘီလီယံ ရှိပြီး တရုတ် နိုင်ငံက ဒေါ်လာ ၉.၆ ဘီလီယံ ရှိသောကြောင့် ထိုင်းနိုင်ငံထက် ပိုမိုများပြားကြောင်း၊ လတ်တလောတွင် ရေအားလျှပ် စစ် နှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများ၌ တရုတ်နိုင်ငံသည် အဓိက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း တရုတ် People's Daily Online ၌ ယနေ့ ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်