ရခိုင်အမျိုးသားနေ့ သတ်မှတ်ကျင်းပမည်

ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ်နိုင်မည့် နေ့တနေ့ကို RNDP ပါတီက ကြေညာချက်ထုတ်၍ ရခိုင်လူထုထံ ချပြကာ အဆိုပြုသွားမည်ဟု ပါတီ၏ တာဝန်ရှိသူက ပြောသည်။ ရခိုင်အမျိုးသားနေ့ အဖြစ်သတ်မှတ်နိုင်မည့် နေ့ထူးနေ့မြတ် ၃ ခုကို ရခိုင်ပြည်သူလူထုထံ ချပြကာ အများစု၏ ထောက်ခံမှု ပြုသောနေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ်သတ်မှတ်နိုင်ရန် နိုင်ငံတော် အဆင့်ကို တင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။ မွန်အမျိုးသားနေ့နှင့် ချင်းအမျိုးသားနေ့ တို့ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက သတ်မှတ်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်