နယူးဇီလန်ငလျင် ဒေါ်လာ ၁၂ ဘီလီယံခန့် ပျက်စီးဆုံးရှုံး

Wednesday, 23 February 2011 11:04 သတင်းတိုများ
Print
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယူးဇီလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် ပြင်းအား ၆.၃ ရှိ ငလျင်လှုပ်သွားရာ အနည်းဆုံး လူ ၇၅ ဦးသေဆုံးသည်။ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁၂ ဘီလီယံခန့် ရှိနိုင်ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ဆုံးရှုံးမှုအများဆုံးသော သဘာဝဘေးဒဏ်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကား၍ သတင်းများက ဖော်ပြသည်။