လစ်ဗျားခေါင်းဆောင် အလျှော့ပေးမည် မဟုတ်ဟု ဆို

လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီက နှိမ်နင်းမှုများ ဆက်လုပ်ပြီး အာဇာနည်အဖြစ် သေမည်ဟု နိုင်ငံပိုင် ရုပ်သံမှ ရှည်လျားစွာ ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။ အင်အားသုံး ဖြိုခွင်းရန်၊ ကျည်တတောင့် သုံးရန်ပင် အမိန့် မပေးရသေးကြောင်း၊ သူလုပ်ချင်လျှင် အကုန်ပြာကျသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုထားသည်။ သို့သော် ပြည်သူများကို ဗုံးကြဲရန် အမိန့်ပေးမှုကြောင့် လေသူရဲများနှင့် စစ်သင်္ဘောများ တခြားနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေကြသည်။ သီတင်းတပတ်ကြာ ဆန္ဒပြမှုအတွင်း အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ရပြီ ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်