ILO နှင့် စစ်အစိုးရ စာချုပ်သက်တမ်း ထပ်တိုး

Friday, 25 February 2011 13:06 သတင်းတိုများ
Print
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် မြန်မာအစိုးရတို့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ပတ် သက်ပြီး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်သက်တမ်း တနှစ် ထပ်တိုးလိုက်သည်။ ယင်း သက်တမ်း တိုးမှု သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာနှင့် အစည်းအဝေးမှတ်တမ်း အား သက်တမ်း တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါ နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေခဲ့သည်။