စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် ရာဇာလီ တောင်းဆို

မြန်မာနိုင်ငံအပေါ် အမေရိကန် အပါအ၀င် ဥရောပနှင့် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်း မစ္စတာ ရာဇာလီ အစ္စမေးလ် က တောင်းဆိုလိုက်သည်။ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောမတူကြောင်း၊ မြန်မာနိုင်ငံ အနေ နှင့် စတင် ဖွံ့ဖြိုးကြီးပွားသင့်ပြီဟု ရာဇာလီ က ပြောဆို ကြောင်း၊ ယင်းတို့ကို Rediscovering Mediation in the 21st Century ခေါင်းစဉ်ဖြင့် ကျင်းပသော ညီလာခံတခုတွင် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား The Star Online ၌ ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်