MAI ကမ္ဘောဒီးယား ခရီးစဉ် စတင်

ပုဂ္ဂလိက လေကြောင်းလိုင်းတခု ဖြစ်သည့် MAI (Myanmar Airways International) သည် ရန်ကုန်နှင့် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိ(အန်ကောဝပ်) ခရီးစဉ်သစ်ကို ဖေဖော်ဝါရီ လ ၂၃ ရက်နေ့က ပျံသန်းမှုစတင်ခဲ့ပြီး အဆိုပါအခမ်းအနားကို ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဗိုလ်ချုပ်တင်ငွေ ၊ ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟုသိရသည်။ ထို့အ ပြင် MAI အနေနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘာလီကျွန်း အစရှိသည့် ဒေသများကို ပြေးဆွဲနိုင်ရန် စီစဉ်နေသည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ပါရှိသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်