ရုရှား၌ လေယာဉ်ပျက်ကျ သေဆုံးသူများ အလောင်း ပြန်သယ်မည်

ပြီးခဲ့သည့် စနေနေ့က ရုရှားနိုင်ငံ၌ လေယာဉ်ပျက်ကျ၍ သေဆုံးသွားသည့် မြန်မာ လေတပ်အရာရှိ ၂ ဦး၏ ရုပ် အလောင်း များကို ယခုရက်ပိုင်းအတွင်း မိသားစုများထံ ပြန်လည် သယ်ယူလာမည်ဖြစ်ကြောင်း သိရသည်။ ထိုအရာရှိ ၂ ဦးမှာ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင် နှင့် ဗိုလ်မှူး ဇော်ထွန်းအောင်တို့ ဖြစ်သည်ဟု ဆိုသည်။ လေယာဉ်မှာ မြန် မာပြည်အတွက် ၀ယ်ယူထားသည့် Antonov-An148 အမျိုးအစား ရုရှားလုပ်ဖြစ်ပြီး အမောင်းသင်ရင်း ပျက်ကျသွားရာမှ ရုရှားနိုင်ငံသား လေယာဉ်ဝန်ထမ်း ၄ ဦးနှင့်အတူ မြန်မာ လေတပ် အရာရှိ ၂ ဦးလည်း သေဆုံးခဲ့ခြင်းဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်