လွတ်ငြိမ်းချမ်းသာခွင့် မရေရာ

နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးသည် အစိုးရသစ် တာဝန်ယူချိန်မှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သမ္မတကို ထောက်ခံချက်ပေးမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ပြောသည်။ ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် ယင်းသို့ ဖြေကြားခြင်းဖြစ်ပြီး တိုင်းပြည် အကျိုးယုတ်၊ ဆုံရှုံးမှုများ မဖြစ်ပေါ်နိုင်ရန် ဆောင်ရွက်ရမည်ဟု ဆိုထားသဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မရေရာသေးဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်