ရယကနှင့် မယက ရုံးဆိုင်းဘုတ်များ ပြောင်းလဲ

Tuesday, 29 March 2011 17:32 သတင်းတိုများ
Print
ရန်ကုန်မြို့ ရပ်ကွက်(ရယက)နှင့် မြို့နယ်(မယက)အသီးသီးရှိ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံး ဆိုင်းဘုတ်များကို ယနေ့ စတင် ဖြုတ်ချပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးဟု ပြောင်းလဲ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ရှိ ရုံးများတွင်မူ အဆိုပါ ဆိုင်းဘုတ်များအား လွန်ခဲ့သည့် ၃ ရက်ခန့်က ပြောင်းလဲတပ်ဆင်ပြီး ဖြစ်သည်။