ရော့စ်ဒန်ကလေ အာမခံ ရရှိ

မြန်မာတိုင်းမ်ဂျာနယ် ၏ CEO ရော့စ်ဒန်ကလေအား ကမာရွတ်မြို့နယ် တရားရုံးမှ ကျပ် သိန်း ၁၀၀ အာမခံဖြင့် ယနေ့လွှတ်ပေး လိုက်ကြောင်း သိရသည်။ ဒန်ကလေကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅၊ ၃၅၄၊ ၃၄၂၊ ၃၂၈ တို့အပြင် လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုခဲ့ပြီး ယခင်ရုံးချိန်းများက အာမခံ မပေးခဲ့ပေ။ ယနေ့လွှတ်ပေးလိုက်သော အာမခံ၌ ငွေသားနှင့် အာမခံ ပေးခြင်းမျိုးမဟုတ်ဘဲ ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ်ဂျာနယ်မှ ဦးဝေလင်း တို့၏ ပိုင်ဆိုင်မှုများကိုတင်ပြ၍ အာမခံပေး ခဲ့ရကြောင်း၊ နောက်တကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ချိန်းဆိုကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်