တိုက်ပွဲများကြောင့် ပလောင်ရွာများ လက်ဖက်မခူးနိုင်

Wednesday, 30 March 2011 11:34 သတင်းတိုများ
Print
နအဖ တပ်များက ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ထိုးစစ်ဆင်နေသဖြင့် ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်အတွင်းရှိ ပလောင်ရွာများတွင် လက်ဖက် မခူးနိုင်ဘဲ စစ်ပြေးစစ်ရှောင်နေရသည်။ ရွှေဖီချိန်ဖြစ်သောကြောင့် လက်ဖက်ခြံများတွင် ညအိပ်၍ လက်ဖက်ခူးရမည်ဖြစ်သော်လည်း ယင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲငယ်များနှင့် ပေါ်တာဆွဲမှုများကြောင့် ဒေသခံများ ကြောက်လန့်ပြီး ထွက်ပြေးရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။