ပိတ်လှောင် ခိုင်းစေခံထားရသော အလုပ်သမားများ လွတ်မြောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်လင်မယားပိုင် အထည်ချုပ်စက်ရုံကို ယမန်နေ့တွင် ထိုင်းရဲများက ဝင်ရောက်စီးနင်းပြီး ပိတ်လှောင် ခိုင်းစေခြင်းခံထားရသော မြန်မာအလုပ်သမား ၆၀ ဦးကို ဝင်ရောက် ကယ်တင်ခဲ့သည်။ ထိုစက်ရုံမှ အလုပ်သမားတဦး လွတ်မြောက်လာပြီး သတင်းပေးရာမှ ထိုသို့ ဝင်ရောက် ကယ်တင်နိုင်ခြင်း ဖြစ်သည်။ တလလျှင် လစာ ဘတ် ၇ ထောင်ပေးမည်ဟု ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ တရုတ်လင်မယားကို အလုပ်သမား အက်ဥပဒေဖြင့် အရေးယူမည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်