စရဖ ရုံးဆောက်ရန် သိမ်းသည့်မြေများ ပြန်ရောင်းစားနေ

Thursday, 21 April 2011 12:19 သတင်းတိုများ
Print
ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်၌ စရဖ ရုံးဆောက်လုပ် ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများက အာဏာပိုင်များ နှင့် ပူးပေါင်း၍ မြေယာသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ သိမ်းဆည်းပြီးသည့် မြေယာ ဧက ၁၀၀ ခန့်ကို မြေကွက်များ ရိုက်၍ ပြန်လည် ရောင်းချမှုများပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။ အသိမ်းခံရသည့် မြေပိုင်ရှင်တချို့ကို တဧက ကျပ် ၁ သိန်းခွဲ နှုန်းဖြင့် ပြန်ပေးသော်လည်း အများစုမှာ မရရှိကြကြောင်း သိရသည်။