NLD က တောင်သူလယ်သမားများအား ပညာပေး ရက်တိုသင်တန်း ပို့ချ

တောင်သူလယ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး၊ လယ်ယာလုပ်ငန်းတွင် ဓာတုဆေးများကို မှန်ကန်စွာ အသုံးချတတ်စေရေးနှင့် တောင်သူလယ်သမားဘ၀ မြှင့်တင်ရေး ပညာပေး ရက်တိုသင်တန်းကို ဧပြီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။ ပညာပေး သင်တန်းအတွက် မြန်မာတပြည်လုံးရှိ တောင်သူလယ်သမားများကို ဖိတ်ခေါ်ခဲ့ပြီး NLD အဖွဲ့ဝင် အစိုက်ပျိုးရေးပညာရှင်များက သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း၊ ကျန်ပြည်နယ်နှင့်တိုင်း ၉ ခုမှ တောင်သူလယ်သမားများအား မေလ ၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ဆက်လက် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်