NLD ရုံးချုပ်၌ အင်္ဂလိပ်စာ သင်တန်း ပေးမည်

ရန်ကုန် NLD ရုံးချုပ်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ငွေကြေး မတတ်နိုင်သူများအတွက် အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ ၃ လ ကြာသင်ကြားမည့် ယင်းသင်တန်းကို မေလ ၆ ရက်နေ့၌ စတင်မည်ဖြစ်ပြီး တပတ်လျှင် ဗုဒ္ဓဟူး နှင့် သောကြာ နေ့များတွင် နံနက် ၉း၃၀ ခွဲမှ ၁၁ နာရီအထိ၂ရက် သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လိုသူများသည် မေလ ၄ ရက်နောက်ဆုံး စာရင်းပေးရမည်ဖြစ်ကြောင်း NLD က ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်