အာဆီယံ ဥက္ကဌ မြန်မာ မဖြစ်ရန် HRW ကန့်ကွက်

Friday, 06 May 2011 12:12 သတင်းတိုများ
Print
မြန်မာကို ၂၀၁၄ ခုတွင် အာဆီယံ အလည့်ကျ ဥက္ကဌ ပေးရေးနှင့် ပတ်သက်ပြီး အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာ  စောင့်ကြည့်ရေးအဖွဲ့(HRW)က ကန့်ကွက်လိုက်သည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းနှင့် လူ့အခွင့် အရေး အခြေအနေများ တိုးတက်မှု အတွက် မဆောင်ရွက်သရွေ့ မြန်မာကို ဥက္ကဌ အဖြစ် အာဆီယံနိုင်ငံများ က လက်မခံသင့်ကြောင်း HRW က ပြောဆို သည်။