အမေရိကန် အဆင့်မြင့်အရာရှိ မြန်မာပြည် ရောက်ရှိ

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ လာရောက်လာသည်။ အစိုးရ ခေါင်းဆောင်းပိုင်း အပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံတွင် ၄ ရက်ကြာ နေထိုင်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အစိုးရသစ် တက်ပြီးနောက် အမေရိကန် အဆင့်မြင့် အရာရှိတဦး ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်