မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး နှင့် ပတ်သက်၍ ဆွေးနွေး ကြသည်။ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ပြီး ယမန် နေ့ကလည်း ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။