ကြက်ခြေနီအဖွဲ့ ထောင်တွင်းစစ်ဆေးခွင့် ဂျွန်မက်ကိန်း မျှော်လင့်

မြန်မာပြည် အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် မကြာမီ ပြန်လည် ရရှိမည်ဟု မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့ နံနက် ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မြန်မာအစိုးရက ထိုသို့ ခွင့်ပြုလိုက်လျှင် မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ပထမခြေလှမ်းဖြစ်လာမည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။ ဂျွန်မက်ကိန်းသည် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ သွားရောက်ပြီး ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါ အ၀င် အရေးပါသည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်