ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်းပေးမည်

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဇွန် ၁၃ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ သင်တန်းပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။ ပထမဦးစွာ နေပြည်တော်တွင် သင်ကြားမည်ဖြစ်ကြောင်း၊ ထုတ်ဝေ ထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်စွဲ စာအုပ်ထဲမှ အကြောင်းအရာများကို သင်ကြားသွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ သင်တန်း စနိုင်လိမ့်ဦးမည် မဟုတ်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်