အိန္ဒိယသို့ မြန်မာ ၀က်သားတင်သွင်းမှု ရပ်ဆိုင်း

ဝက်နားရွက်ပြာ ရောဂါပြန့်ပွားမှုကို ကာကွယ်သည့် အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ် ပြည်နယ် အင်ဖားမြို့သို့ မြန်မာနိုင်ငံမှ ၀က်သားတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း မဏိပူရ်ပြည်နယ် အစိုးရက ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတွင်း ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားနေရာ အိန္ဒိယနိုင်ငံ၌ ယင်းရောဂါဖြစ်ပွားမှု မတွေ့ရသေးကြောင်း၊ ရောဂါကူးစက်မှုကို ကာကွယ်သည့် အနေဖြင့် မြန်မာနယ်စပ်မှ ၀က်နှင့်ဝက်သား တင်သွင်းမှုကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း၊ မဏိပူရ် နယ်စပ်အပြင် အခြားသော နယ်စပ်များမှ ၀က်တင်သွင်းမှုများကို ရပ်ဆိုင်းထားကြောင်း မဏိပူရ်အစိုးရ တာဝန်ရှိသူက ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်