ပင်စင်လစာများ တိုးမြှင့်ပေးမည်

Friday, 01 July 2011 11:32 သတင်းတိုများ
Print
ပင်စင်စားများ၏ လစာခံစားခွင့်ကို ယခု ဇူလိုင်လမှ စ၍ တိုးမြှင့်ပေးတော့မည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစားယူခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာနှင့် ၂၀၀၆ ဧပြီလ ၁ ရက်နေ့ မတိုင်မီ ခံစားခွင့်ရခဲ့ကြသည့် နိုင်ငံရေး ပင်စင်လစာများကို လက်ရှိ ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ခံစားခွင့်အတိုင်း တိုးမြှင့်ပေးမည်ဟု အစိုးရက ကြေညာသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း၌ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း အခြေအနေတို့ကို ထည့်သွင်းစဉ်းစားပြီး တိုးမြှင့်ပေးမည်ဟု ပြောခဲ့သည်။