ညောင်ဦးတွင် ရာနှင့်ချီသော ပရိသတ် ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့

ယနေ့ ညနေ ၄ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကိုထိန်လင်းတို့သည် ညောင်ဦးမြို့ရှိ ဈေးသို့သွားကြရာ ရာနှင့်ချီသော မြို့ခံလူထုက လာရောက် တွေ့ဆုံကြသဖြင့် လမ်းများပိတ်ဆို့သွားကြောင်း သိရသည်။ လုံခြုံရေး တာဝန်ယူထားကြသော လူငယ်များက တိုးဝှေ့နေသူများကို မေတ္တာရပ်ခံ၍ ညနေ ၅ နာရီတွင် လမ်းပိတ်ဆို့မှု ကင်းသွားခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တည်းခိုရာ ဟော်တယ်သို့ ကောင်းမွန်စွာ ပြန်လာနိုင်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်