ပညာရှင်များ တားမြစ်သည့်တိုင် မြစ်ဆုံ ရေကာတာကို ဆက်ဆောက်မည်

တရုတ်ပိုင် China Power Investment (CPI) ကော်ပိုရေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့ပြီး မြန်မာနှင့် တရုတ် ပညာရှင်များပါဝင်သော လေ့လာရေးအဖွဲ့က ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်ရန် အကြံပေးထားသော်လည်း CPI က ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။ စာမျက်နှာ ၉၄၅ မျက်နှာရှိ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အစီရင်ခံစာတွင် ဤမျှကြီးမားသော ရေကာတာကြီးကို ဧရာဝတီမြစ်တွင် ဆောက်ရန် မသင့်လျှော်ဟု အကြံပြုခဲ့သည်။ CPI သည် ဧရာဝတီမြစ်နှင့် မြစ်လက်တက် တလျှောက်တွင် ရေကာတာကြီး ၇ ခု ဆောက်လုပ်ရန် စီမံကိန်းချထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်