ဦးတင်ဦး မျက်စိခွဲရ

Monday, 01 August 2011 11:30 သတင်းတိုများ
Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး ယမန်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံ၌ မျက်စိခွဲစိတ်ကုသမှု ခံယူကြောင်း၊ ညနေ ၃နာရီခန့်တွင် ပြီးစီးပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။ NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်သည်လည်း အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသခံယူနေရာ မနက်ဖြန်တွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု သိရသည်။