ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်

လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရသော ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ကွယ်လွန်သွားသည်။ မင်းကွန်းမှာရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်ခြင်းဖြစ်ပြီး ယနေ့ နေ့လည် ၃ နာရီတွင် သင်္ဂြိုလ်မည် ဖြစ်သည်။ အမည်ရင်း ဦးအောင်မြင့် ဖြစ်ပြီး ရွှေဘို ဇာတိဖြစ်သော ဆရာကြီး ရာဟုလာသည် ၁၉၅၇ ခုနှစ် ၅ တန်း ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ သခင်စိုး၏ တပည့်ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးမှုနှင့် အင်းစိန်ထောင်တွင် ၄ နှစ်၊ ကိုကိုးကျွန်းတွင် ၃ နှစ်နှင့် ၂ လ ကြာ နေထိုင်ခဲ့ရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်