ကလေးစစ်သား စုဆောင်းမှု အမေရိကန် အောက်လွှတ်တော်တွင် ကြားနာမည်

အမေရိကန် အောက်လွှတ်တော်တွင် သြဂုတ်လ ၃ ရက်နေ့၌ မြန်မာနိုင်ငံ ကလေးစစ်သားစုဆောင်းမှု ကိစ္စနှင့်ပတ်သက်၍ ကြားနာပွဲတရပ် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ကြားနာပွဲတွင် အောက်လွှတ်တော် အမတ် အယ်ဒီ ဘားနတ် ဂျွန်ဆန် က ဦးဆောင်တင်ပြသွားမည်ဖြစ်ပြီး ကလေးစစ်သားဟောင်း ဟိန်းမင်းအောင်က သူ၏ ကိုယ်တွေ့ အဖြစ်အပျက်များကို ကိုယ်တိုင်ထွက်ဆိုမည်ဖြစ်သည်။ ဟိန်းမင်းအောင်သည် အသက် ၁၄ နှစ်အရွယ်တွင် ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခံခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။ ထို့နောက် ဒုက္ခသည် ဖြစ်လာခဲ့ပြီး ယခုအခါ နယူးဇီလန် နိုင်ငံတွင် အခြေချနေထိုင်ခွင့်ရခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်