ဒေါ်လာဈေးနှင့် ရွှေဈေးတက်

ရန်ကုန်စီးပွားရေးဈေးကွက်တွင် ယနေ့ အမေရိကန်ဒေါ်လာတန်ဖိုး ထပ်မံတက်သွားသောကြောင့် ရွှေဈေးနှုန်းပါ စံချိန်တင် မြင့်တက်သွားပြီး အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၇၁၃၅၀၀ ကျပ်အထိ ဈေးတက်သွားသည်။ အမေရိကန်ဒေါ်လာသည် ယမန်နေ့က တစ်ဒေါ်လာ ၇၆၃ ကျပ်မှ ယနေ့တွင် ၇၇၁ ကျပ်အထိ အထိ ဈေးတက်လာသဖြင့် ပြည်တွင်းရွှေဈေး စံချိန်ကျိုးသွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးသည် နှိုင်းယှဉ် တွက်ချက်ကြည့်ပါက ရွှေတကျပ်သားလျှင် ကျပ် ၂ သောင်းကွာဟပြီး မြန်မာ့ရွှေဈေးက နိမ့်နေသောကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ရွှေအထွက်များကြောင်း သိရှိရသည်။ အမေရိကန်ဒေါ်လာ တန်ဖိုးတက်ခြင်းမှာ အစိုးရအာဏာပိုင်များ၏ မိသားစု၊ ဆွေမျိုးများ၊ ၄င်းတို့နှင့်နီးစပ်သော ကုမ္ပဏီများက ဒေါ်လာများ ၀ယ်ယူစုဆောင်းမှုကြောင့် သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်