နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တိုက်တွန်း

Tuesday, 06 September 2011 11:36 သတင်းတိုများ
Print
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးလွှတ်ပေးရန် အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော်က သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ တိုက်တွန်းလိုက်သည်။ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အိန္ဒိယ လွှတ်တော်အမတ်များအဖွဲ့က ယင်းသို့ တိုက်တွန်းစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။