မြန်မာ ဆန်နှင့် မြောက်ကိုရီးယား လက်နက် လဲလှယ်

မြန်မာအစိုးရသည် ဆန်နှင့် စိုက်ပျိုးရေးထွက် ပစ္စည်းများကို မြောက်ကိုရီးယားသို့ တင်ပို့ပြီး လက်နက်နှင့် လဲလှယ်ခဲ့သည်ဟု ဝီကီလိခ်စ်မှ ပေါက်ကြားသော သံတမန်ပေးစာတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အမေရိကန်အစိုးရသို့ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ပေးပို့သော စာ၌ မြန်မာအစိုးရက ဦးပိုင်လီမီတက်မှတဆင့် ဆန်တန်ချိန် ၂ သောင်း မြောက်ကိုရီးယားသို့ ပေးပို့ပြီး သမားရိုးကျ စစ်လက်နက်ပစ္စည်းများနှင့် လဲလှယ်ခဲ့သည်ဟု ဆိုသည်။ ဝီကီလိခ်စ်မှ အသစ်ပေါက်ကြားသော သံတမန် ပေးစာ ၂ သိန်းခွဲအနက် မြန်မာနှင့်ဆိုင်သော ပေးစာ ရာနှင့်ချီ၍ ပါဝင်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်