မြစ်ဆုံအရေး မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်တွင် ဆွေးနွေး

Tuesday, 11 October 2011 11:27 သတင်းတိုများ
Print
မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ယမန်နေ့က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြသည်။ မြစ်ဆုံအရေးနှင့် ပတ်သက်၍ အပြေအလည်ဖြစ်အောင် ဖြေရှင်းရန် သဘောတူကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုကို ကိုးကား၍ တရုတ်အစိုးရအာဘော် သတင်းစာများက ဖော်ပြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ် ဒုတိယ သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးသည်။