မြန်မာ့အခြေအနေကို ကာ့တ် ကမ်းဘဲလ် အကောင်းမြင်

Tuesday, 11 October 2011 11:35 သတင်းတိုများ
Print
မြန်မာနိုင်ငံတွင် အံအားသင့်လောက်စရာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနေကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ယမန်နေ့က ပြုလုပ်သော ဟောပြောပွဲ၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်က ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး မြန်မာအစိုးရက အပြုသဘော ခြေတလှမ်းလှမ်းလျှင် အမေရိကန်ဘက်ကလည်း လိုက်လှမ်းရန် အသင့်ရှိကြောင်းလည်း ပြောဆိုသွားသည်။