မြန်မာနိုင်ငံ မြစ်ချောင်းများအတွင်း ရေထုညစ်ညမ်းမှု ပိုဆိုးလာ

E-mail Print
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းတို့အနီးတွင် တည်ရှိသော စက်မှုဇုန်များမှ စွန့်ပစ် သော ရေဆိုးများနှင့် ဓာတုဗေဒပစ္စည်းများကြောင့် အဆိုပါ မြစ်ချောင်းများ

အတွင်း ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် လျက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ မြစ်ချောင်းများမှ ရေနမူနာများကို သုံးလတကြိမ်းနှုန်းဖြင့်ယူ၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာလ က နောက်ဆုံးစမ်းသပ်ခဲ့ရာတွင် ရေထုညစ်ညမ်းမှုပမာဏ ပိုတိုးလာသည်ကိုတွေ့ရ ကြောင်း ရန်ကုန်မြို့ရှိ မြစ်ချောင်းများနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင်နေသူတဦးက ပြောဆိုသည်။

“ရေထုညစ်ညမ်းမှုကတော့ အဆိုးဝါးဆုံးအချိန်လို့ ပြောရပေမယ့် အချိန်မီထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ နောက် မကျသေးပါဘူး၊ အဓိကကတော့ စက်ရုံ၊ အလုပ်ရုံတွေက ထွက်တဲ့ရေဆိုးတွေကို စနစ်တကျသန့်စင်ပြီးမှ မြစ်ထဲ ကို စွန့်ပစ်သင့်ပါတယ်၊မြစ်ကမ်းဘေးမှာရှိတဲ့ စက်ရုံတွေနဲ့ အရက်ချက်စက်ရုံတွေကနေ ရေဆိုးတွေကို ဒီအတိုင်း စွန့်ပစ်လိုက်တာက တော်တော်ဆိုးပါတယ်”ဟု ၎င်းက ပြောသည်။

ရေထုညစ်ညမ်းရခြင်းမှာ စက်ရုံများမှစွန့်ပစ်သော ရေဆိုးများ၊ ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်ပြီး ၄င်းတို့က ရေ  ထဲရှိအောက်စီဂျင်ဓာတ်ကိုလျော့နည်းစေသော ဓာတ်ပစ္စည်းများနှင့်အတူ မြစ်ကြမ်းပြင်တွင် အနည်ထိုင်စေသော ပစ္စည်းများကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ညစ်ညမ်းနေသော မြစ်ချောင်းရေများကို သောက်သုံးသူများမှာ အန္တရာယ်ရှိရုံမျှမက အဆိုပါ မြစ်ချောင်း များတွင်နေထိုင်ကြသော ရေသတ္တ၀ါများမှာလည်း ရှင်သန်ရန်ခက်ခဲပြီး ပြုန်းတီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတ္တဗေဒပညာရှင်တဦးက ပြောပြသည်။

လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်အတွင်းမှ ငါးများကို သုသေတနပြုနေသော အဆိုပါ သတ္တဗေဒပညာရှင်က ပန်းလှိုင်မြစ် ရေ ညစ်ညမ်းခြင်းကြောင့် ငါးမျိုးစိပ်အချို့ ပျောက်ကုန်သည်ကို တွေ့မြင်ရကြောင်းလည်း ပြောဆိုသည်။

“သုတေသနစလုပ်တုန်းက ပန်းလှိုင်မြစ်ထဲမှာငါးမျိုးစိပ်၂၁ မျိုးနဲ့ ပုစွန်မျိုးစိပ် ၃ မျိုးတွေ့ခဲ့ရတယ်၊ အဲဒါ ၁၉၉၀ ခုနှစ်တုန်းက အခု၂၀၀၉ မှာ ပြန်ကောက်တော့ ငါးမျိုးစိပ် ၁၈ မျိုးနဲ့ ပုစွန်မျိုးစိပ်၂ မျိုးပဲ ပြန်တွေ့ရတယ်၊
ငါးမျိုးစိပ် ၃ မျိုးနဲ့ ပုစွန်မျိုးစိပ် ၁ မျိုး ပျောက်နေတယ်”ဟု ၎င်းက ဆိုသည်။

ထိုပျောက်နေသော ငါးမျိုးစိပ်ထဲတွင် ငါးသလောက်မျိုးများပါဝင်နေကြောင်း၊ ငါးသလောက်မျိုးများမှာ ရန်ကုန်မြစ် အောက်ဘက်ပိုင်းတွင်နေထိုင်ပြီး ရန်ကုန်မြစ်မှတဆင့် ပဲခူးမြစ်၊လှိုင်မြစ်၊ ပန်းလှိုင်မြစ်များအတွင်းသို့ မျိုးပွားရန် အတွက် တပို့တွဲလ၊ တပေါင်းလများတွင် တက်လေ့ရှိသော်လည်း  ယခုနှစ်အတွင်း တက်လာသည်ကိုမတွေ့ရ တော့ကြောင်းလည်း သူက ပြောဆိုသည်။

ထို့ကြောင့် မြစ်ချောင်းများအား ထိန်းသိမ်း ရန်လိုအပ်သော အနေအထားမျိုးဖြစ်နေသည်ကိုတွေ့မြင်ရသည်ဟု ဆိုသည်။

ထိုမြစ်ချောင်းများအနီးရှိ စက်ရုံ၊ အလုပ်ရုံများမှ ဓာတုပစ္စည်းများ၊ရေဆိုးများ၊ အမှိုက်များ စွန့်ပစ်ခြင်းအတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး  တိုးတက်ရေးဦးစီးဌာနက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကြောင့် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့ ဆက်သွယ်ထားသော ဥရုမြစ်ချောင်းမှာလည်း တိမ်ကောပျက်စီးသွားရပြီဖြစ်ကြောင်း သိရှိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်