ရန်ကုန်ယူနိုက်တက် တဂိုးသွင်းလျှင် ဆယ်သန်းရမည်

E-mail Print
ရန်ကုန် ယူနိုက်တက်က ပြိုင်ဘက် အသင်းများအပေါ် ဂိုးသွင်းနိုင်လျှင် သွင်းဂိုး တဂိုးအတွက် သိန်း ၁၀၀ ပေးမည်ဟု အသင်းပိုင်ရှင် ဦးတေဇက ပြောကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက်က မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများတွင် ရှုံးပွဲများ ဆက်နေသည့် အတွက် ယင်းသို့ လှုံ့ဆော်ရခြင်း ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ နှင့် နီးစပ်သူတဦးက ပြောသည်။

“ဥက္ကဋ္ဌက သူ့အသင်းက ဂိုးပေါက် ပျောက်နေတော့ စိတ်ဓါတ် တက်ကြွအောင် လုပ်ပေးတာ၊ ရှုံးပွဲများနေလို့” ဟု ၎င်းက ဆိုသည်။

ထိုသို့ကြေညာပြီးနောက် ရန်ကုန်ယူနိုက်တက် အသင်းက ဂိုးအနည်းငယ် သွင်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က မကွေးအက်ဖ်စီ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ရာတွင် ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို နှစ်ဂိုးစလုံးကို မကြာသေးမီကမှ ၀ယ်ယူခဲ့သည့် အိုင်ဗရီကို့စ် ကစားသမား ကိုနီမိုဟာမက်က သွင်းယူခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် MNL ပြိုင်ပွဲ အမှတ်ပေးဇယား၏ အဆင့် ၆ နေရာတွင် ရှိနေပြီး ရမှတ် ၇ မှတ်သာ ရရှိထားသည်။ ထိပ်ဆုံးအသင်းဖြစ်သည့် ဒယ်တာယူနိုက်တက် အသင်းနှင့် ၁၃ မှတ် အကွာ ဇယားအောက်ဆုံးတွင် ရပ်တည်နေခြင်း ဖြစ်သည်။

တဂိုးလျှင် ကျပ်သိန်း တရာ ချီးမြှင့်ခြင်းသည် ကောင်းမွန်သော်လည်း ငွေပမာဏ အလွန် များပြားနေကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

“အကောင်းဆုံး စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီး အုပ်ထားနိုင်တဲ့သူပဲ၊ ပေးနိုင်တာပေါ့၊ ဒါပေမဲ့ ဘောလုံးလောကမှာ လုပ်ပွဲတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ များပြားသည့် ငွေပမာဏကို လွန်ခဲ့သော နှစ်က နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၊ မိဘမဲ့ကလေးသူငယ်များ နှင့် လူမှုအကျိုးပြု လုပ်ငန်းများသို့ လှူဒါန်းနိုင်လျှင် ပိုမို ကောင်းမွန်မည်ဟု ထင်ကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

ရန်ကုန်ယူနိုက်တက်သည် အသင်း အောင်မြင်ရေးအတွက်သာမက ပိုမို ထင်ရှားရေးအတွက်လည်း ငွေ အမြောက်အမြား အသုံးပြုနေသည်။

မကြာသေးမီ ရက်များအတွင်း ရန်ကုန်ယူနိုက်တက်က အထူးသီးသန့် အဖွဲ့ဝင် (Exclusive Member) များ ခေါ်ယူခဲ့ရာ အဖွဲ့ဝင် တဦးလျှင် ၀င်ကြေး ကျပ် ၁ သိန်း ကောက်ခံခဲ့ပြီး အကျိုး ခံစားခွင့်များကိုလည်း ကျပ် ၁ သိန်းထက်မက ရရှိမည်ဟု မက်လုံးများပေး၍ ဆွဲဆောင်ထားသည်။

“ကံစမ်းမဲ တလ တကြိမ် ဖောက်ပေးမယ်၊ ပြည်တွင်း လေကြောင်းမှာ လေယာဉ်စီးခွင့်၊ ဟိုတယ်မှာ တည်းခိုခွင့်တွေ ပေးမယ်၊ မဲကတော့ မပေါက် မရှိပါ” ဟု ရန်ကုန် ယူနိုက်တက် အသင်းမှ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် အဖွဲ့ဝင်များသည် အသင်း၏ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အသင်းနှင့် စီးပွားဘက် လုပ်ငန်းများ ဖြစ်သော ဟိုတယ်၊ ကဖေးဆိုင်၊ အလှပြင်ဆိုင်၊ အ၀တ်အစားဆိုင်၊ လက်ဝတ်ရတနာဆိုင်များတွင် လျှော့ဈေးဖြင့် ၀ယ်ယူနိုင်ပြီး၊ ရန်ကုန်-ဘန်ကောက် အသွား အပြန် လေယာဉ် လက်မှတ်များ ပါဝင်သည်ဟု ၎င်းက ရှင်းပြသည်။

ရိုးရိုးအသင်းဝင်များ အနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့် ပွဲစဉ် လက်မှတ် ပြနိုင်လျှင် တခြားမြို့များရှိ အဝေးကွင်းသို့ သွားရောက်သည့်အခါ ကား၊ ရထားတို့ဖြင့် အခမဲ့ လိုက်ပါခွင့် ရရှိသည်။

မကြာသေးမီ ရက်များကလည်း ရန်ကုန်ယူနိုက်တက် (ခ) အသင်းနှင့် လူငယ်အသင်းအတွက် ဘောလုံးသမား အသစ်များ ရွေးချယ်မှုများ ပြုလုပ်ရာ ၀င်ရောက် ယှဉ်ပြိုင်သူများအား ခရီးစရိတ် ပေးခဲ့သည်။ နယ်မှလာသူ တဦးလျှင် ကျပ် ၁၅၀၀၀၊  ရန်ကုန်မြို့ခံတဦးလျှင် ကျပ် ၅၀၀၀ ပေးအပ်ခဲ့သည်။ ၀င်ရောက် အရွေးခံသူပေါင်း ၁၀၀၂၆ ယောက် ရှိသည် ဟု သိရသည်။

အသင်းက ယခင် ပြိုင်ပွဲများတွင်လည်း ဂိုးသွင်းသူများကို ကျပ်ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ဆု ချီးမြှင့်ခဲ့ဖူးကြောင်း၊ ယခုကဲသို့ ငွေပမာဏ ပိုမို ပေးလာခြင်းသည် ကစားသမားများ ခြေကျပြီး အသင်း အခြေအနေ ယိမ်းယိုင်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အသင်းပိုင်ရှင်က မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည့် အတွက် ရေရှည် ပေးနိုင်မည်ဟု ထင်ကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်