မစုစုနွေး တိုက်ပိတ်ခံရပြီးနောက် ကျန်းမာရေး စိုးရိမ်နေရ

E-mail Print
စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အကျဉ်းထောင်တွင်း၌ ရက်သတ္တ ၂ ပတ်ခန့် တိုက်ပိတ်ခံရခြင်းနှင့် ထောင်မှ ပေးသည့်အစားအစာများကို လက်မခံသည့်အတွက် ကျန်းမာရေး အထူးစိုးရိမ်ရသော အခြေအနေရှိကြောင်း မစုစုနွေး၏ ရှေ့နေကပြောသည်။

လွန်ခဲ့သော လအတွင်းက တိုက်ပိတ်ခံခဲ့ရသည့် မစုစုနွေးသည် ရေချိုးမမှန်၊ အစားအသောက်မမှန် ဖြစ်ပြီး နဂိုရှိသည့် နှလုံးရောဂါအပြင် အာသီးယောင် ရောဂါလည်း ခံစားနေရကြောင်း ရှေ့နေ ဦးမြင့်သောင်း က ပြောပြသည်။

“ပြီးခဲ့တဲ့ လ၀က် လောက်က သူ တိုက်(၁၄)ရက် အပိတ်ခံရတယ်၊ ရေမှန်မှန် မချိုးရဘူး၊ အာသီးလည်း ယောင်နေတယ်၊ အစားအသောက်ကလည်း သူ့ အစ်မကလာမပို့ရင် ထောင်က အစားအသောက်ကို မယူ တာရယ်၊ နှလုံးရောဂါ ရှိတာရယ် သူ့ကျန်းမာရေးက ပိုစိုးရိမ်ရတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့
အထူးကုဆရာဝန်နဲ့ပြဖို့ကိုလည်း အခုချိန်အထိ ခွင့်မပြုသေးဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မစုစုနွေးသည် အစ်မ ဖြစ်သူ မဌေးဌေးကြည်နှင့် တွေ့ခွင့်မရသောကြောင့် ထောင်မှပေးသည့် အစားအစာ များကို လက်မခံခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့က မစုစုနွေးကို အင်းစိန်ထောင် သီးသန့်တရားရုံး၌ ရုံးထုတ်ရာသို့ အစ်မဖြစ်သူ မဌေးဌေးကြည်က သွားရောက် တွေ့ဆုံရာတွင် တွေ့ခွင့်မရသေးကြောင်းလည်း သိရသည်။ ယင်းသို့တွေ့ခွင့်မရခြင်းမှာ ၎င်း အနေဖြင့် ကမ္ဘာ့အလုပ်သမား အဖွဲ့(ILO) ရုံးသို့သွားရောက်ခဲ့ခြင်းကို ရဲ အထူးသတင်းတပ်ဖွဲ့က မြင်တွေ့ သွားရာမှ ပြည်ထဲရေးသို့ စာတင်ခဲ့သဖြင့် တွေ့ခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မဌေးဌေးကြည် ကပြောပြ သည်။

“သူ လည်ချောင်းနာနေသလို အားလည်းနည်းနေတယ်လို့ ပြောတယ်၊ နောက်တပတ် တနလာင်္နေ့ ကျမ ထောင်ဝင်စာသွား တွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် သူက မထွက်ဘူး လို့တော့ မှာလိုက် တယ်”ဟု လည်း မဌေးဌေးကြည်က ပြောသည်။

မဌေးဌေးကြည်သည် မစုစုနွေး လွတ်မြောက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ အသနားခံစာတင်ပြပေးမည်ဆိုသော ကြောင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရုံး(ICRC)သို့လည်း ယမန်နေ့က သွားရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မစုစုနွေး၏ လတ်တလောအခြေအနေကိုလည်း ICRC သို့ တင်ပြခဲ့ ကြောင်း သိရသည်။

ICRC အား ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့သော်လည်း ဖြေဆိုရန်ငြင်းပယ်ခဲ့သည်။

အထက်ပါရုံးထုတ်သည့်နေ့က မစုစုနွေးသည် လက်ထိပ်အခတ်မခံသောကြောင့် လက်ထိပ်မခတ်ဘဲ ၎င်းအားရုံးထုတ်ခဲ့သည် ဟု ရှေ့နေဦးမြင့်သောင်းက ပြောဆိုပြီး မစုစုနွေး၏ အမှုမှ ပြည်ထဲရေးအမိန့်ဖြင့် စွဲချက်တင် ထားသော ပုဒ်မ၁၂၄(က)ကို လျှော့လိုက်ကြောင်း၊ ကျန် သောပုဒ်မများနှင့် ပတ်သက်၍ စစ်ဆေး ရန်အတွက် တရားလိုဘက်က သက်သေ(၇)ဦးကို တင်ကြောင်းနှင့် လာမည့် ၈ ရက်နေ့သို့ ရုံးချိန်းပြန်လည် ချိန်းဆိုလိုက် ကြောင်းလည်း ပြောသည်။

မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက် ကအစ  ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို တရားရုံးတွင် ကိုယ်တိုင် လျှောက်တင်ခဲ့သည်ဟု သိရသည်။

ယခုရုံးချိန်းသည် မစုစုနွေးအတွက် (၆)ကြိမ်မြောက်ရုံးချိန်းဖြစ်ကြောင်းနှင့်  အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့ကလိုက်ပါ ဆောင်ရွက်ပေးလျက် ရှိ သည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်