စက်မှုနိုင်ငံ ထူထောင်မည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆို

E-mail Print
အမှန်တကယ် ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လိုလျှင် စက်မှုနိုင်ငံ ထူထောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြောင်း ယမန်နေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

“စိုက်ပျိုးရေး နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံ အဆင့်ထိသာ ဖြစ်နိုင်၊် အမှန်တကယ် ဖွံ့ဖြိုးသော နိုင်ငံဖြစ်လိုလျှင် စက်မှုနိုင်ငံ ဖြစ်အောင်ထူထောင်ရမည်”ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဧရာဝတီတိုင်း နာဂစ်ဒေသ ခရီးစဉ်တွင် ပြောကြောင်း ယင်းသတင်း တွင် ရေးသားထားသည်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းသို့ သွားရောက်သည့် ယခုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်သည်။

လူဘောင်သစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က “တကယ်တမ်း စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို သွားမယ် ဆိုရင်တော့ အဝေးကြီး လိုသေးတယ်လို့ ထင်တယ်၊ ကျနော်တို့မှာ အကန့်အသတ် အများကြီးရှိနေတယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ မပြေလည်ဘူး၊ ဒီလို အခြေအနေအောက်မှာ တဘက်ကလည်း စိုက်ပျိုးရေးလုပ်ငန်း တခုလုံးကို နအဖနဲ့ လက်ဝေခံတွေက ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ တကယ့် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးကို လည်း သွားနိုင်ဖို့မရှိဘူး” ဟုပြောသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ နိုင်ငံရေး ပြဿနာများ ပြေလည်ရန် လိုအပ်ကြောင်း၊ မြန်မာပြည် သည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့် အတွက် စီးပွားရေး တခါးဖွင့်ပါက စိုက်ပျိုးရေးကို အခြေခံသည့်  စီးပွားရေး တံခါးဖွင့်ရန်လိုအပ်ကြောင်း၊ တိုင်းပြည် အတွင်းရှိ နိုင်ငံရေးပြဿနာနှင့် စီးပွားရေး အကန့်အသတ် များကို ဖြေရှင်းပြီးသော်လည်း စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးကို သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် လူငယ်တဦးက“ဖွံ့ဖြိုးတယ်ဆိုတာ စကားလုံးအနေနဲ့ သုံးလို့မရဘူး၊ စကားလုံး ကတော့ သူတို့ သုံးနေမှာပဲ၊ သူတို့ စကားလုံးတွေကို လိုက်ခံစားလို့မရဘူး၊ ကျနော်တို့ ပကတိဖြစ်ရပ်နဲ့ ဖြစ်စေ ချင်တဲ့အရာကို ပြည်သူလူထုက ဘယ်လောက်ထိ အကောင်ထည်ဖော်နိုင်လဲ၊ လူသားအရင်း အမြစ်တွေကို ဘယ်လောက်ထိ ထုတ်သုံးနိုင်လဲ ဆိုတာပေါ်မှာ မှုတည်တာပဲဗျ၊ အပ်ချလောင်း ဖြစ်စေဆိုတာကတော့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။

စက်မှုနိုင်ငံဖြစ်ရန်အတွက် နည်းပညာကို ဖိတ်ခေါ်ရန် လိုအပ်ပြီး မူဝါဒပြောင်းရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင် တဦး ကဆိုသည်။

“စီးပွားရေး ပြောရင်နိုင်ငံရေး ပါမယ်ဆို့တော့ ပြောရဆိုရ အရမ်းခက်တယ်၊ လူလဲကောင်းရမယ် မူပြောင်းဖို့လဲလို ပါတယ်” ဟု ကားထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်